ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် ဒိုင်နမိုကိဗ်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သည့် ချယ်လ်ဆီး

၈ မတ်

 

ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်များကို သောကြာနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ချယ်လ်ဆီးအသင်းနှင့် ဒိုင်နမိုကိဗ်အသင်းတို့၏ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ 

 

အိမ်ကွင်းမှာ ဒိုင်နမိုကိဗ်အသင်းကို လက်ခံယှဉ်ပြိုင်ကစားခဲ့သည့် ချယ်လ်ဆီးအသင်းသည် ပထမပိုင်း ပွဲချိန် ၁၇ မိနစ်တွင် ပတ်ထရို၏ ဦးဆောင်ဂိုးဖြင့် ပထမပိုင်းကို ဦးဆောင်ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်းမှာလည်း ချယ်လ်ဆီးအသင်းကသာ ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၅ မိနစ်တွင် ဝီလျံ၊ မိနစ် ၉၀ တွင် အိုဒွိင်းတို့က သွင်းဂိုးများ ထပ်မံသွင်းယူခဲ့သည်။ 

 

ချယ်လ်ဆီးအသင်းအနေဖြင့် ယခုပွဲစဉ်အနိုင်ရလဒ်ကြောင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်သည်။ 

 

ယူရိုပါလိဂ် အခြားပွဲစဉ်ရလဒ်များ

 

ရိန်းစ် ၃ - ၁ အာဆင်နယ်

 

ဒိုင်နမိုဇာဂရက် ၁ - ဝ ဘင်ဖီကာ

 

ဖရန့်ဖတ် ဝ - ဝ အင်တာမီလန်

 

ဆီ်ဗီလာ ၂ - ၂ ဆလားဗီးယားပရပ်ဂ်

 

ဇင်းနစ် ၁ - ၃ ဗီလာရီးယဲလ်

 

နာပိုလီ ၃ - ဝ ဆာလ်ဇ်ဘာ့ဂ်

 

ဗလင်စီယာ ၂ - ၁ ခရက်စ်နိုဒါ

 

MDN