ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်သည့် ငါးသင်းမြောက်အသင်း ယူကရိန်းဖြစ်လာ

၁၆  ‌အောက်တိုဘာ

ယူကရိန်းအသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၁၄ ရက်ညပိုင်းက ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနိုင်ပွဲကြောင့် ယူကရိန်းအသင်းဟာ ရမှတ် ၁၉ မှတ်အထိ စုဆောင်းနိုင်ခဲ့ကာ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ငါးသင်းမြောက်အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

ယူကရိန်းအပြင် ယူရို  ၂၀၂၀ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်းတွေကတော့ ဘယ်လ်ဂျီယံအသင်း၊ အီတလီအသင်း၊ ရုရှားအသင်းနဲ့ ပိုလန်အသင်းတို့ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အခြားသော အသင်းတွေဟာ ခြေစစ်ပွဲအောင်မြင်ဖို့ ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ်။

လက်ရှိခြေစစ်ပွဲ အောင်ထားတဲ့ အသင်းတွေထဲမှာ ဘယ်လ်ဂျီယံအသင်းဟာ ရှစ်ပွဲကစားအပြီးမှာ ရမှတ် ၂၄ မှတ်၊ ရုရှားအသင်းဟာ ရှစ်ပွဲကစား အပြီးမှာ ရမှတ် ၂၁ မှတ်၊ အီတလီအသင်းဟာ ခုနစ်ပွဲ ကစားအပြီးမှာ ရမှတ် ၂၁ မှတ်၊ ပိုလန်အသင်းဟာ ရှစ်ပွဲကစားအပြီးမှာ ရမှတ် ၁၉ မှတ် အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်