ယူကရိန်းနိုင်ငံအရေးနှင့်ပတ်သက်၍ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ အတူပူးပေါင်းလုပ်ဆောင်နေ

ဇန်နဝါရီ ၂၇ 

 

ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် ယူကရေးနိုင်ငံအရေးနှင့်ပတ်သက်ပြီး တင်းမာမှုများဖြေလျော့ရန် နှစ်နိုင်ငံအတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

 

ထိုနှစ်နိုင်ငံမှ အကြီးတန်းသံတမန်များသည် ရုရှားနှင့်ယူကရိန်းနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်များဖြင့် ပဲရစ်မြို့တွင် ယမန်နေ့ကတွေ့ဆုံခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ရုရှားစေ့စပ်ညှိနှိုင်းရေးမှူး ဒီမီထရီကိုဇက်ခ်က နိုင်ငံရေးတင်းမာမှုများဖြေလျော့ရန်ရည်ရွယ်၍ ဆွေးနွေးပွဲများဆက်လက်ပြုလုပ်သွားရန် လေးနိုင်ငံ သဘောတူညီခဲ့ကြသည်ဟု ပြောကြားသည်။

 

လာမည့်ဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ၌ သီတင်းပတ်နှစ်ပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုထုတ်ပြန်ချက်အရ လေးနိုင်ငံမှသံတမန်များသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ၂၀၁၅ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလည်း စောင့်ကြည့်လေ့လာသွားမည်ဟု သိရသည်။

 

ပြင်သစ်နှင့်ဂျာမနီနိုင်ငံတို့သည် ထိုသဘောတူညီချက်ပြေလည်စေရန်စေ့စပ်ညှိနှိုင်းပေးရာတွင် အဓိက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို