ယူအေအီးက အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ်များအတွက် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် အတည်ပြု

ဒူဘိုင်း နိုဝင်ဘာ ၃

 

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သည် အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအတွက် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားသည်။ ။

 

ယခင်ကမူ အာရပ်စော်ဘွားများ ပြည်ထောင်စုသည် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်သုံးနှစ်မှ ၁၇ နှစ်အရွယ်ရှိသူများအား ထိုးနှံပေးရန်အတည်ပြုခဲ့ပြီး Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကိုမူ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများကို ထိုးနှံပေးရန် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ။

 

အာရပ်စော်ဘွားများပြည်ထောင်စုသည် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား တတိယအကြိမ် အပိုဆောင်းထိုးနှံ ပေးရန်အတွက် အသုံးပြုခဲ့ကြောင်းလည်း သိရသည်။

 

ကိုးကား-စီအင်န်အေ

ဘာသာပြန်-အလင်းသစ်