ယုကီရဲ့ တစ်ကိုယ်တော်တေးသီချင်း A Page

တောင်ကိုရီးယားရဲ့ အမျိုးသမီးတေးဂီတအဖွဲ့ (G)I-DLE ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယုကီဟာ မကြာသေးမီကသူ့ရဲ့တစ်ကိုယ်တော်တေးသီချင်း ထုတ်လွှင့်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် လတ်တလောမှာ အဆိုပါ တေးသီချင်းအမည်နဲ့ တေးသီချင်းအတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့ကြောင်း အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

မေ ၆ ရက်မှာ ယုကီရဲ့ ပွဲဦးထွက် တစ်ကိုယ်တော်တေးသီချင်းနဲ့ပတ်သက်ပြီး စမ်းသပ် ထုတ်လွှင့်မှုအဖြစ် ဓာတ်ပုံတစ်ပုံဖော်ပြခဲ့တာပါ။ အဆိုပါ ဒစ်ဂျစ်တယ် တေးသီချင်း A Page တေးသီချင်းအတွက် အချိန်ယူကာ ပြင်ဆင်ခဲ့ရကြောင်းနဲ့ အဆိုပါ တေးသီချင်းသစ် ထုတ်လွှင့်မှုနဲ့အတူ ယုကီရဲ့ ပုံစံသစ် ကိုလည်း ပရိသတ်တွေအနေနဲ့ တွေ့မြင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယုကီဟာ အဖွဲ့ဝင်တွေအနက် တစ်ကိုယ်တော်တေးသီချင်း ထုတ်လွှင့်တဲ့ ဒုတိယမြောက်အဖွဲ့ဝင်လည်း ဖြစ်လာမှာဖြစ်ပါတယ်။

အေးပြည့်