ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းသွားမည်

နေပြည်တော် ၁၆ မတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၂၉)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမှာဖြစ်ပြီး ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို မေးမြန်းသည့် ပခုက္ကူ-ကြံခင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် လျော်ကြေးငွေ မရရှိသေးသော တောင်သူ (၂၂)ဦးအား လျော်ကြေးငွေပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၆)ခု မေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

အစည်းအဝေးတွင် “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းပြီး အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြင်ဆင်ချက်အဆို တင်သွင်းလိုပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။

 

အလားတူ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ရွှေကျင် မဲဆန္ဒနယ်မှ ဦးစောသလေးစော၊ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြချို၊ လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးနှင့် ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်တို့က ဆွေးနွေးသွားမှာဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူသွားမှာ ဖြစ်ပါတယ်။

 

MDN