​ယခုနှစ်မတ်အတွင်း မြန်မာနိုင်ငံသို့နိုင်ငံခြားသားဝင်ရောက်မှု ယခင်နှစ်မတ်လထက်ပိုမိုလာခဲ့

နေပြည်တော်  ၁၀  ဧပြီ 

 

ယခုနှစ် ပွင့်လင်းရာသီဖြစ်သော မတ်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်နှင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ ထွက်ပေါက်များမှ ပြည်ဝင်ဗီဇာ (ကမ္ဘာလှည့်)နှင့် ပြည်ဝင်ဗီဇာ(လုပ်ငန်း)ဖြင့် နိုင်ငံခြားသားဝင်ရောက်မှုမှာ ကမ္ဘာလှည့်အနေဖြင့် ၅၁၄၆၁ ဦး နှင့် လုပ်ငန်းဖြင့် ၂၅၆၅၀ ဖြစ်ပြီး ယခင်နှစ် မတ်လတွင် ကမ္ဘာလှည့်အနေဖြင့် ၄၉၆၄၆ ဦး လုပ်ငန်းဖြင့် ၁၉၇၅၃ ဦး ဖြစ်၍ ယခုနှစ် မတ်လအတွင်း ဝင်ရောက်မှုသည် ယခင်နှစ် မတ်လထက် နိုင်ငံခြားသားဝင်ရောက်မှု ပိုများခဲ့ကြောင်း သိရသည်။ 

 

သို့သော် ၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်အတွင်း၌ ကမ္ဘာလှည့်အနေဖြင့် ၅၄၂၅၉၉ ဦး နှင့် လုပ်ငန်းအနေဖြင့်၂၃၈၄၃၂ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၇/၂၀၁၈ ဘဏ္ဌာနှစ်အတွင်း ကမ္ဘာလှည့်အနေဖြင့် ၅၃၁၉၅၁ ဦး နှင့်လုပ်ငန်းအနေဖြင့် ၂၄၄၄၁၂ ဦးဝင်ရောက်ခဲ့၍ ယခုဘဏ္ဍာနှစ်အကုန်တွင် ယခင်ဘဏ္ဍာနှစ်အကုန် ဝင်ရောက်မှုထက် လူဦးရေ လေးထောင်ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။ 

 

သန်ဦး(လေးမျက်နှာ)