YANGON WATER BUS ခရီးစဉ်များ မျှော်မှန်းသည်ထက် ပိုမိုအောင်မြင်

ရန်ကုန်  ၃၀  ဇူလိုင် 

 

Yangon Water Bus ခရီးစဉ်များ မျှော်မှန်းသည်ထက် ပိုမိုအောင်မြင်မှုရလာပြီဖြစ်ကြောင်း Yangon Water Bus ပြေးဆွဲလျက်ရှိသည့် တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။

 

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ရေယာဉ် ၁၃ စင်းဖြင့် စတင်ခဲ့သော Yangon Water Bus ခရီးစဉ်များ သည် မူလက အပျော်စီးသဘောမျိုးသာ စီးနင်းခဲ့ရာမှ ယခုအခါ ခရီးသွားပုံစံမျိုးဖြင့် စီးနင်းလိုက်လာကြပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် လိုက်ပါစီးနင်းလိုသော ခရီးသည်များ၊ ရပ်မိရပ်ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရ Yangon Water Bus ဆိပ်ကမ်း ၃ ခုကို မိုးတွင်းကာလ အရေးပေါ်ဖွင့်လှစ်၍ ပြေးဆွဲပေး နေရကြောင်း သိရသည်။ 

 

ဒလနှင့် ဆိပ်ကြီးခနောင်တိုဘက်ခြမ်းရှိ သမ္မတ၊ ဆာပါချောင်၊ အံကြီးဆိပ်ကမ်းများနှင့် ရန်ကုန်ဘက်အခြမ်းရှိ ပန်းဆိုးတန်း၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းများကို ပတ်ပြီးပြေးဆွဲပေးနေခြင်းဖြစ်သည်။ မိုးတွင်းကာလရေကြီးခြင်း နှင့်လှေသမ္ဗန်နှင့်သွားလာခြင်းသည် အန္တရာယ်များသည်ဟူသောအသိကြောင့် ကျောင်း သားကျောင်းသူများနှင့် ခရီးသည်များ ပိုမိုစီးနင်းလာပြီး  ဆိပ်ကမ်းတစ်ခုလျှင် ခရီးသည်ထောင်ကျော် ရရှိနေကြောင်း သိရသည်။  

 

“ပန်းဆိုးတန်းတို့ ဗိုလ်တစ်ထောင်လမ်းသစ်နဲ့ ဟိုဘက်ကမ်းသုံးခုကိုပတ်ပြီး ဟိုဘက်ကမ်းသည်ဘက်ကမ်း ပြေး ဆွဲတဲ့ဟာမျိုးတွေ လုပ်ပေးလိုက်တဲ့အခါကျတော့ ခရီးသည်တွေရော ကျောင်းသား တွေရောအဆင်ပြေတယ်။ ကိုယ်ကိုတိုင်ကလည်း မိုးတွင်းဘက်ကို ကိုယ်မျှော်မှန်းထားတဲ့ ဝင်ငွေတစ်ခုကို ရရှိလာတယ်” ဟု Yangon Water Bus ၏ အောင်မြင်မှုအကြောင်းကို တင့်တင်မြန်မာကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

 

အပတ်စဉ် စနေ၊ တနင်္ဂနွေနေတိုင်းပြေးဆွဲပေးနေသော တွံတေးနှင့်ကျောက်တန်းခရီးစဉ်များကို ရာသီဥတု အခြေအနေကြောင့် ခေတ္တရပ်နားထားသော်လည်း လာမည့်ပွင့်လင်းရာသီတွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်ချောင်းသာနှင့် ဇလွန်တို့သို့ ရန်ကုန်နှင့်နေ့ချင်းပြန် ခရီးစဉ်များ ပြေးဆွဲနိုင်ရန် ယခုမိုးတွင်းကာလ၌ပင် လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။ စတင်ပြေးဆွဲစဉ်က သင်္ဘော ၁၃ စင်းဖြင့် ပြေးဆွဲခဲ့သော်လည်း ယခုအခါ ထိုင်းနိုင်ငံ၌ နောက်ထပ်သင်္ဘော ၈ စင်း တည်ဆောက် လျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)