Yangon INNOVATION CENTER တွင် Online  Digital နည်းပညာ Skills ကျွမ်းကျင်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးနေ

ရန်ကုန် ၃၀    စက်တင်ဘာ

မြန်မာလူငယ်များ အလုပ်အတွက်ပြည်ပသို့ရွှေ့ပြောင်းသွားလာရန်မလိုဘဲ ပြည်တွင်းမှတစ်ဆင့် နိုင်ငံခြားငွေရှာဖွေနိုင်သည့် Digital နည်းပညာ Skills တက်မြောက်ကျွမ်းကျင်သူလူငယ်များကို ရန်ကုန်မြို့ ပန်းဆိုးတန်း ကူးတို့ ဆိပ်အနီး Yangon INNOVATION CENTER ရှိ Myanmar Youth Empowerment Organization (MYEO) မှ လေ့ကျင့်မွေးထုတ်ပေးနေကြောင်းသိရသည်။

" အခုအခါမှာ မြန်မာနိုင်ငံကလူငယ်တွေဟာ စားဝတ်နေရေးအတွက် ငွေကြေးအခတ်အခဲ ကြောင့် ပြည်ပနိုင်ငံတွေမှာ အလုပ်အကိုင်တွေရှာဖွေလုပ်ကိုင်နေရတယ်။ အခုလိုနည်းပညာခေတ်ထဲမှာDigital နည်းပညာ Skills တတ်မြောက်မယ်ဆိုရင်မြန်မာနိုင်ငံမှာ မိသားစုနဲ့ နေရင်းနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရကာ နိုင်ငံခြားလစာတွေ ရနိုင်တဲ့အခွင့်အရေးရှိတယ်။ ဒါကတော့ ညီမတို့ MYEO ကနေ Digital နည်းပညာ Skills တတ်မြောက်အောင်လူငယ်တွေကို သင်ပေးနေတာပါ။ အဓိကကတော့ မြန်မာပြည် Online Platform အသုံးပြုပြီး နိုင်ငံခြားကအလုပ်တွေ ကိုလှမ်းလုပ်လို့ ရတဲ့ အလုပ်အကိုင်တစ်ခုကို စတင်နိုင်ဖို့အရေးကြီးတာပါ။"ဟု MYEO တည်ထောင်သူ မထက်သီရိရွှေ ကပြောသည်။

လက်ရှိတွင်  MYEO မှ ရန်ကုန်၊ မန္တလေး၊  ရခိုင်၊ ချင်း၊ ဧရာဝတီ၊ ပဲခူး စသော ဒေသအသီးသီး မှအသက် (၂၅)နှစ် ဝန်းကျင်ရှိ ကျောင်းသားကျောင်းသူ၊ အမျိုးသားအမျိုးသမီးလူငယ်များကို ကွန်ပျူ တာ၊ ဖုန်းများ အသုံးပြု ကာ E-mail ကျွမ်းကျင်စွာအသုံးပြုခြင်း/Viedo Conferencing ပြုလုပ်ခြင်း/Linkedln,Twitter များကို Professional Networking Tools များအသုံးပြုနိုင်ခြင်း/Slack, Trello များကို Remote Working Project Management Tools များအသုံးပြု နိုင်ခြင်း/ပြင်ပတွင်တစ်ကြိမ်တစ်ခါ မျှ မမြင် ဖူးသော ပုဂ္ဂိုလ် များဖြင့် Online ပေါ်တွင်အလုပ်လုပ်နိုင်မည့် Digital နည်းပညာ Skills များရှိစေရန်ကျွမ်းကျင်လူငယ်များပေါ်ထွက်ရေး Online/off line အဖြစ်သင်တန်းပေးခြင်း အစ္စရေးနိုင်ငံ မှ အင်တာနက်အခြေပြုစွန့်ဦးတီထွင်သူ Anatoly Tolik Eidelman မှ ကိုယ်တိုင်လာရောက်ကာလူငယ်များနှင့်တွေ့ဆုံပြီး Online Career အကြောင်းဆွေးနွေးသင်ကြားခြင်းစသော ဝန်ဆောင်မှုများပေးနေ ကြောင်း သိရသည်။ 

" အဓိကကတော့ကွန်ပျူတာတစ်ခုကိုတတ်ဖို့တော့လိုတယ်။ အရမ်းကြီး ကျွမ်းကျင်တာမျိုးကြီး မဟုတ်ဘဲ ကောင်းကောင်းရေးတတ်/ရိုက်တတ်ဖို့လိုတယ်။ အဓိက ကိုယ့်ကိုကိုယ် အရည်အသွေးမြင့်ပြီး ရောင်းတတ်တာမျိုးပေါ့။ပြီးရင် ကျွမ်းကျင်တဲ့ပညာရပ်တစ် ခုသတ်ထားဖို့လိုတယ်။Website ကြီးတစ်ခု တည်ထောင်လိုက်ရလောက်အောင် တအားကြီးကျွမ်းကျင်တာမျိုး မဟုတ်ပါဘူး။ ဥပမာ ကုမ္ပဏီ တစ်ခုမှာဆိုရင် စာရင်းပိုင်း တွေလုပ်နိုင်နေတာမျိုး/စီမံရတဲ့အပိုင်းတွေ နဲ့အခြား အွန်လိုင်း ကိုအ သုံးပြု တဲ့လုပ်ငန်းတွေမှာ ကျွမ်းကျင်ရင် ပြည်ပနိုင်ငံတကာ Website တွေနဲ့ ချိတ်ဆက်ပြီးလုပ်နိုင်ပါတယ်။ခုချက်ချင်းလည်း အလုပ်ရှာလို့ရပါတယ်။" ဟု မထက်သီရိရွှေ ကထပ်မံပြောသည်။

လက်ရှိတွင်မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေရှ့်နိုင်ငံ /အိန္ဒိယ /ဖိလစ်ပိုင် စသောနိုင်ငံများတွင် ထို Digital နည်းပညာ Skills ဖြင့်အွန်လိုင်းကိုအသုံးပြု ကာ မိမိနိုင်ငံမှအခြားပြည်ပနိုင်ငံကြီးများ ရှိ Marketing manager /Data Entry /Customer Service နှင့်အခြားအလုပ်များကို လုပ်ကိုင်ရင်းဝင်ငွေရရှိနေသော လူငယ်များ များပြားနေကြောင်းသိရသည်။ယင်းတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားဦးရေသည်လည်း တောင်ကိုရီး ယားနိုင်ငံတွင် ၄၀ဝ၀ဝ ခန့်/ထိုင်းနိုင်ငံတွင် ၅၅၀ဝ၀ဝ ကျော်ခန့် /မလေးရှားနိုင်ငံတွင် ၂၁၀ဝ၀ဝ ကျော်ခန့် ရှိနေပြီး များစုသည်လူငယ်များဖြစ်နေကြောင်း MYEO ၏စစ်တမ်းများ အရသိရသည်။

လက်ရှိတွင် MYEO အနေဖြင့် နည်းပညာလုပ်ရှားမှုတွင် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ခြင်း/ Off Line အနေဖြင့် တက္ကသိုလ်(၅၁)ခု တွင် ၂၁ ရာစု Skills များသင်ကြားခြင်း/၂၀၁၈ - ၂၀၁၉ ပညာရေးနှစ်တွင် ကျောင်းသားလူငယ် ၇၀ဝ၀ နီးပါးခန့်အားသင်ကြားပေးနိုင်ခြင်း/အွန်လိုင်းတွင် Information များ မျှဝေပေးခြင်း/အွန်လိုင်းမှတစ်ဆင့် Digital နည်းပညာ Skills အဖြစ် လူငယ် ၁၀ဝ၀ ကျော်ကို သင်တန်းပေးနိုင် ခြင်း/ပြည်ပနိုင်ငံအသီးသီးရှိ Website များ/နည်းပညာ ကုမ္ပဏီ ကြီးများနှင့်ချိတ်ဆက်ကာ Oline တွင်လုပ်နိုင်သော အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပြီးမည်သူမဆို လေ့လာနိုင်ကြောင်းသိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး