ဝူဟန်မြို့က မွေးကင်းစကလေးငယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

၆ ဖေဖော်ဝါရီ

တရုတ်နိုင်ငံ၊ ဟူဘေပြည်နယ်၊ ဝူဟန်မြို့မှာ မွေးဖွားပြီး နာရီ ၃၀ သာရှိသေးတဲ့ ကလေးငယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း တရုတ်အစိုးရသတင်းဌာနက ဖေဖော်ဝါရီ ၅ ရက်မှာ ကြေညာသွားပါတယ်။ 

ကလေးငယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က မွေးဖွားတာဖြစ်ပြီး ကလေးငယ်ရဲ့ မိခင်ဟာ မမွေးဖွားမီ ဗိုင်းရပ်စ်ပိုးရှိကြောင်း သိရပါတယ်။ ကလေးငယ်ဟာ မိခင်ဝမ်းအတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနိုင်ခြင်း (သို့မဟုတ်) မွေးဖွားစဉ်မှာ ကူးစက်ခံရခြင်း (သို့မဟုတ်) မွေးဖွားပြီးပြီးခြင်း ကူးစက်ခံရခြင်းစတဲ့ ဖြစ်နိုင်တဲ့ သုံးမျိုးရှိကြောင်း  ပညာရှင်တွေက ပြောပါတယ်။ 

ကလေးငယ်ဟာ မွေးကင်းစမှာ အလေးချိန် ၃.၂၅ ကီလိုဂရမ်ရှိကြောင်း၊ ကလေးငယ်ကို ကုသပေးနေရာ အခြေအနေ ကောင်းမွန်ကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေထဲမှာ အသက်အကြီးဆုံးက အသက် ၉၀ အရွယ်ဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းဟာ အသက် ၆၀ နဲ့ အထက် လူတွေဖြစ်တယ်လို့ တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးအဖွဲ့က အင်္ဂါနေ့က ပြောကြားပါတယ်။ 

MDN
ကိုးကား -AFP