ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် (၇) နေရာလုပွဲ ကစားရမည်

နေပြည်တော် ၄ ဇူလိုင်

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲ အဆင့်လုပွဲများကို ယနေ့ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် အဆင့် (၇) နေရာလုပွဲသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မြန်မာအသင်းသည် အုပ်စုပွဲများအပြီးတွင် တတိယနေရာရခဲ့သောကြောင့် အဆင့် (၅/၈) နေရာလုပွဲအတွက် ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ရှင် ဝူဟန် ယူ-၁၄ အသင်းနှင့် တွေ့ဆုံရာ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် အဆင့် (၅/၆) နေရာလုပွဲ ကစားခွင့်ဆုံးရှုံးခဲ့ပြီး အဆင့် (၇/၈) နေရာလုပွဲသာ ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ဇူလိုင် ၅ ရက် (ယနေ့) ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုတွင်းတွေ့ဆုံစဉ်က လေးဂိုးပြတ်အနိုင်ရထားသည်။

သတင်း-ရဲရင့်ရှိုင်း