ဝါရှင်တန်၌ ဂျီ - ၂၀ ဘဏ္ဍာရေးခေါင်းဆောင်များ တွေ့ဆုံ

ဝါရှင်တန် အောက်တိုဘာ ၁၄

 

ဂျီ -၂၀ အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်သူများသည် ဝါရှင်တန် မြို့၌  အောက်တိုဘာ  ၁၂ ရက် က နှစ်ရက်ကြာအစည်းအဝေးကို ပြုလုပ်ခဲ့သည်ဟု သိရသည်။ ကမ္ဘာတစ်လွှား ငွေကြေးမတည် မငြိမ်ဖြစ်မှုများနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ဆွေးနွေးရန် စုဝေးခဲ့ကြခြင်း ဖြစ်သည်။

 

အမေရိကန်၌ အတိုးနှုန်း ဆက်လက်တက်နေခြင်းကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို နှေးကွေးစေနိုင်ပြီး နောက်ထပ် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဆွေးနွေးခဲ့ကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မူဝါဒ တင်းကျပ်မှုများကြောင့် ကမ္ဘာ့အနှံ့ လှိုင်းဂယက်များ ဖြစ်ပေါ်လာနိုင်သည်ကို သတိထားရမည်ဟု ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဆူဇူကီးရှုနီချီက ပြောသည်။

 

ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများမှ ဂျီ- ၇ အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများသည် ယင်းနေ့အစောပိုင်းကလည်း တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။ ယခုနှစ်အတွင်း ကမ္ဘာ့အနှံ့ ငွေကြေးမတည်မငြိမ်ဖြစ်မှုများ တိုးလာသည်ကို သတိထားရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ကြသည်။

 

အင်န်အိတ်ချ်ကေ