Wolverhampton က Crystal Palace ကို ၂ ဂိုးပြတ်နဲ့အနိုင်ရ

၃၁  အောက်တိုဘာ

ယခု စနေမနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ Wolverhampton က Crystal Palace ကို ၎င်းတို့ရဲ့ အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

 123055870_35863

 

ဂိုးတွေကိုတော့ ပထမပိုင်းအစောပိုင်းမှာပဲ သွင်းယူခဲ့ပါတယ်။ ၁၈ မိနစ်မှာ Rayan Ait Nouri က ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၂၇ မိနစ်မှာ Daniel Podence က ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ၈၆ မိနစ်မှာတော့ Crystal Palaceက Luka Milivojevic တစ်ယောက် တိုက်ရိုက်အနီကဒ်နဲ့ ထွက်ခဲ့ရပါတယ်။ ပွဲစဉ် ၇ ကို ကြိုကစားထားရတဲ့ Wolverhampton အသင်းဟာ ဒီနိုင်ပွဲကြောင့် ၇ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး ၁၃ မှတ်ရထားပြီး အဆင့် ၃ မှာ ယာယီရပ်တည်လျက် ရှိပါတယ်။

 

 123136914_358631

 

ဒီကနေ့ည ၇ နာရီမှာတော့ Sheffield United နဲ့ Manchester City၊ ည ၉ နာရီခွဲမှာ Burnley နဲ့ Chelsea၊ ည ၁၂ နာရီမှာတော့ Liverpool နဲ့ West Ham United အသင်းတို့ရဲ့ ပွဲတွေကစားဖို့ ရှိနေပါတယ်။

Source – AFP

#MRTV