ဝန်းသို နိုဝင်ဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၇)ရွာမှ ကျေးရွာ ကော်မတီဝင်များအား  စီမံကိန်း ရန်ပုံငွေအဆိုပြုလွှာပြင်ဆင်ခြင်းလုပ်ငန်းစဉ်နှင့် နည်းစနစ်သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်သင်ကြားခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မျိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မျိုးထွန်းက သင်တန်း ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်၊ (VDP)စီမံကိန်းရန်ပုံငွေအဆိုပြုလွှာ ပြင်ဆင် ခြင်းလုပ်ငန်းစဉ်နှင့် နည်းစနစ်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေး လက်ဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်နှင့် စီမံကိန်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို သင်ကြားပြသခဲ့သည်။

 

ဝန်းသိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ၏ ကဏ္ဍ ပေါင်းစုံဖွံ့ဖြိုးရေးအစီအစဉ်များအနက် ဦးစားပေးစီမံချက်များကို နှစ်စဉ်ရန်ပုံငွေများလျာထားပြီး ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၄၅)ရွာ၊ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း(၂၉)ရွာ၊ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း(၂၁)ရွာ ၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း(၂၅)ရွာ စုစုပေါင်းကျေးရွာ (၁၂၀)တို့တွင် လမ်း၊ တံတား၊ ရေရရှိရေးစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခု (၆)လဘတ်ဂျက်တွင် ကျေးရွာပေါင်း ၇ ရွာတို့မှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ကျော်မြိုင်