ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာသစ် ၃၂ ဦး ထပ်မံတွေ့ရှိ

ဝန်းသို ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ဇူလိုင် ၁၃ ရက်က တောင်ကုန်းကျေးရွာရှိ ပတ္တမြားနဂါးကုမ္ပဏီနှင့် MCS ကုမ္ပဏီတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းပေါင်း (၆၈) ဦးတို့တွင် ကိုဗစ်ရောဂါပိုးရှိ/မရှိ RDT Test kit ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဝန်ထမ်း (၃၂)ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအတည်ပြုလူနာများအနက် (၈)ဦးအား ပတ္တမြားနဂါးကုမ္ပဏီ သီးသန့်ကုသလူနာဆောင်တွင် လည်းကောင်း၊ (၂၄)ဦးအား MCS ကုမ္ပဏီ သီးသန့်ကုသလူနာဆောင်တွင်လည်းကောင်း အသီးသီးထားရှိ၍ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆေးကုသပေးလျက်ရှိကြောင်း၊ ဝန်းသိုမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၅၃)ဦးရှိပြီဖြစ်ပြီး သေဆုံးသူမရှိကြောင်း သိရသည်။ 

မြို့နယ် (ပြန်/ဆက်)