ဝန်းသိုမြို့နယ်တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများပေးအပ်လှူဒါန်း

ဝန်းသို  ၂၅  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် Covid-19 ရောဂါကြိုတင်ကာ ကွယ်ရေး ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါင်းမြူခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက ကာကွယ်ရေးပစ္စည်းများကို ကျောက်ပါးစပ် ကျေးရွာကော်မတီထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

Covid-19 ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန(ရုံးချုပ်)က အသေးစားဓါတ်အားပေးစနစ် ဆောင်ရွက်လျက်ရှိသော ကျောက်ပါးစပ်ကျေးရွာသို့ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေရန် လှူဒါန်းခြင်း ဖြစ်ပြီး PPE ဝတ်စုံ ၃ စုံ၊ Three Layer Mask  အခု ၅၀ဝ၊ Hand Gel (၆)ဘူး၊ လက်အိတ် တစ်ဘူး တို့ကို ကျေးလက်စီးဌာန(ရုံးချုပ်)ကိုယ်စား မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြိုနယ်မှ တာဝန်ရှိသူများက ‌ကျေးရွာမီးလင်းရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

မွှေးကြူဇင်