ဝန်ကြီးချုပ် ဦးဝင်းသိန်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ပဲခူး ၂၇ ဒီဇင်ဘာ

 

စက်မှုလယ်ယာ ဦးစီးဌာနမှ ဦးဆောင်၍ ဖွင့်လှစ်ခဲ့သော အမှတ်စဉ်(၁/၂၀၁၉) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီခွဲက ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးရွှေဝင်းမှ သင်တန်းဖွင့်လှစ် သင်ကြားခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ထူးချွန်ဆုရရှိသည့် သင်တန်းသား(၃)ဦးအား ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လည်းကောင်း၊ အထူးဆုရ သင်တန်းသား(၂)ဦးအား သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ကာ သင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီးမှ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

 

012563

 

အဆိုပါ သင်တန်းအား လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်ထိန်းသိမ်းခြင်း ပညာရပ်များကို ကောင်းစွာ တတ်မြောက်နားလည်ပြီး နည်းပညာမြင့်မားသည့် လယ်ယာသုံး စက်ကိရိယာများကို စနစ်တကျ ကိုင်တွယ်မောင်းနှင်နိုင်ရန် ရည်ရွယ်၍ နိုဝင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ သင်တန်းသား (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

 

03697

 

ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းတွင် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ယခုလို အလုပ်အကိုင် ကျွမ်းကျင်မှုသင်တန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတို့ပူးပေါင်း၍ ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင် သင်တန်းများအား ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ လယ်ယာ သုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းနှင့် အခြေခံလျှပ်စစ်ကျွမ်းကျင်သင်တန်းများ တက်ရောက်လိုသည့် တောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပြီး ကြိုတင်စားရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။

 

တင်စိုး (ပဲခူး)