ဝမ်းတွင်းမြို့နှင့် ဖာပွန်မြို့တို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ

ဝမ်းတွင်း ၂၇ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက လျော်ပင်နယ်မြေ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

02

 

သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်မှ အဖွင့်အမှာစကားပြောကြားပြီး ထူးချွန်ဆုရ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းဆင်းလက်မှတ်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီဉက္ကဋ္ဌ ဦးစံမင်းအောင်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

 

03

 

အခမ်းအနားတွင် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်အောင်က အရည်အချင်း ပြည့်ဝသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတော်၏ စီမံကိန်းများ၊ ဝန်ကြီးဌာန၏ မူဝါဒ လမ်းညွှန်ချက်များကို သိရှိနားလည်ပြီး မီးသတ်ဦးစီးဌာန၏ မူဝါဒ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

07

 

ထို့နောက် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်နှင့် ထူးချွန်ဆုရရှိသော သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)