ဝက်လက်မြို့နယ်တွင် တောင်သူများ မိုးစပါးစိုက်ပျိုးမှုကို စက်ဖြင့်ပျိုးထောင်ကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

ဝက်လက် ၂၇ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဒွန်တဲကုန်းကျေးရွာ တောင်သူဦးရင်ကြီး၏ လယ် ၁၀ ဧကတွင် မိုးစပါးစိုက်ပျိုးရာ၌ စက်ဖြင့် ပျိုးထောင်ကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး ယနေ့ နံနက် ၆ နာရီက ဆောင်ရွက်ပေးကြောင်း သိရသည်။

 

တောင်သူများ စပါးစိုက်ပျိုးရာတွင် စက်စွမ်းအား အသုံးပြုကာ စပါးအထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်၍ ဝက်လက်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုးနှင့် ဝန်ထမ်းများက ဒွန်တဲကုန်းကျေးရွာရှိ ဒေသခံတောင်သူများကို မိုးစပါးစိုက်ပျိုးရာ၌ စက်ကိုအသုံးပြု၍ ပျိုးထောင်စေခြင်းနှင့် စိုက်ပျိုးရာတွင် ကောက်စိုက်စက်ကို အသုံးပြု၍ စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ပေးသည်။

 

ဝက်လက်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စက်ဖြင့်ပျိုးထောင်ခြင်း၊ ကောက်စိုက်စက်ကို အသုံးပြု၍ စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးသော အခက်ခဲကို ပြေလည်စေမည်ဖြစ်သလို တောင်သူများ စပါးထွန်ယက်စိုက်ပျိုးချိန် ကာလအတွင်း အခက်ခဲများ ဖြစ်ပေါ်ခြင်းနှင့် လယ်ယာသုံး စက်ပစ္စည်းများကို ဝယ်ယူငှါးရမ်းလိုပါက မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

 

စိုးစိုးလှိုင် (ဝက်လက်)