ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးဆောင်ရွက်

ဝါးခယ်မ စက်တင်ဘာ ၂၉

 

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်‌ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ရေကျော်ရပ်ကွက်ရှိ ပြည်သူများအား စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးကျော်စိုး ဦးဆောင်၍ ဝန်ထမ်းများက အဆိုပါရုံးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက ရေကျော်ရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၂၂) ကတ်၊ အသက် (၁၈) နှစ်ပြည့် (၂၃) ကတ်၊ မိတ္တူ () ကတ် စုစုပေါင်း (၄၇) ကတ်နှင့် ပြောင်းရွှေ့အိမ်ထောင်စု (၁၄) ခု ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၂၆) အုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိနေသော ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများအား ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

စောသန္တာဦး(ပြန်/ဆက်)