ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၁၆)ဦးထပ်မံတွေ့ရှိ

ဝါးခယ်မ  ဇူလိုင်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံသူ(၁၆)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၉ ရက်နေ့ညနေသတင်းထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့လူနာများမှာ မြို့ပေါ်ရပ်ကွက်များမှ(၆)ဦး၊ ကျေးရွာမှ(၁၀)ဦးစုစုပေါင်း (၁၆)ဦးဖြစ်ပြီး ပိုးတွေ့လူနာများအား ဝါးခယ်မမြို့ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့် ရှောက်ကုသပေး လျက်ရှိသည်။ ဝါးခယ်မ မြို့နယ်အတွင်းပိုးတွေ့လူနာလူနာရဟန်း(၅)ပါး၊ ကျား(၅၉)ဦး၊ မ(၈၁)ဦး၊ စုစုပေါင်း(၁၄၅)ဦး ရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ ရဟန်း(၁)ပါး၊ ကျား(၃၆)ဦး၊ မ(၃၂)ဦး၊ ပေါင်း(၆၉)ဦး၊ ကုသမှုခံယူဆဲ လူနာ ရဟန်း(၃)ပါး၊ ကျား(၂၀)ဦး၊ မ(၄၂)ဦး၊ ပေါင်း(၆၅)ဦး၊ သေဆုံးလူနာ ရဟန်း(၁)ပါး၊ ကျား(၃)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၁)ဦးဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)