ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဝေါ ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ခန်းမတွင် ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး Sinophram ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာ၌ ဒေါက်တာမောင်မောင်မျိုးသိမ်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင် ၃၀ ရက်တွင် မြို့နယ်အတွင်း ဆေးထိုးအဖွဲ့ ၁၀ ဖွဲ့ခွဲ၍ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမော်၊ ဗိုလ်မှူးမျိုးဝင်းအောင်နှင့် အဖွဲ့ဝင်များက ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း  သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)