ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေလိုအပ်လျက်ရှိ ရပ်ကွက်၊ကျေးရွာများသို့ ရေလှူဒါန်းလျက်ရှိ

ဝေါ  ၅  မေ

ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ် အပူချိန်မြင့်မားမှုကြောင့် ယခုနှစ် နွေရာသီတွင် စာသင်တိုက် ဘုန်းတော်ကြီးကျောင်းများနှင့် စိုင်တီစုကျေးရွာတို့ ဝေါမြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

85412

 

 

ဝေါမြို့နယ် ကျေးရွာများရှိ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်း နှင့် တပ်ဖွဲ့ဝင်များ၊‌ စေတနာရှင်ပြည်သူများနှင့်ပူးပေါင်း၍ သောက်သုံးရေများ ကူညီလှူဒါန်းပေးလျက်ရှိရာ ဝေါမြို့နယ်အတွင်း သောက်သုံးရေများ လိုအပ်ပါက ဝေါမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်း ဖုန်း ဝ၉-၄၅၃၃၃၇၃၉၈    ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)

 

2985