ဝေါမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံ၊ လက်သမားသင်တန်းဖွင့်

ဝေါမြို့ နိုဝင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ာနတွင် ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံ၊ လက်သမား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဝေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့က သင်တန်း အထောက်အကူပြုပစ္စည်းများအား သင်တန်းသားများထံ ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် သင်တန်းသား (၂၀)ဦးအား သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းအား (၁၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်နိုင်ဝင်း(သတင်းစဉ်)