ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ နိုင်ငံတစ်ဝန်း၌ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ပြီး ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်    

နေပြည်တော်  ၃  ဩဂုတ်

 

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့၊ တောထွက်တော် မူသောနေ့၊ ဓမ္မစကြာတရား စတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက် သောနေ့၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူး ပြောင်း ခွင့်ကြုံသောနေ့၊ ''ဧဟိဘိက္ခု''ဟူသော စကားကို စတင်ကြားရသောနေ့တို့ဖြင့် ထူးခြားသည့် နေ့တစ်နေ့ဖြစ်သည်။ 

2+

လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်သို့ ဘုရားဖူးများ လာရောက်ဖူးမြော်

 

ဝါဆိုလပြည့်နေ့ကို  ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့တွင် မြတ်စွာဘုရားရှင် က ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူသည်ကို အကြောင်းပြု၍ သတ်မှတ်ကြခြင်းဖြစ်ကြောင်း သိရသည်။       

3+

ထာဝရငြိမ်းချမ်းရေးစေတီတော်သို့ ဘုရားဖူးများ လာရောက်ဖူးမြော်

 

ယနေ့သည် ဗုဒ္ဓဘာသာ နေ့ထူးနေမြတ်ဖြစ်သကဲ့သို့ ဗုဒ္ဓဘုရားရှင်၏ တရားဦးဓမ္မစကြာ ဟောကြားသည့် အဘိဓမ္မာ အခါတော်နေ့ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်း၌ အများပြည်သူတို့သည်   ရပ်ကွက်၊ လမ်းများ၌ ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊    ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ကြခြင်း၊  အလှူဒါနပြုခြင်း၊ မိမိတို့၏ ရပ်ရွာဘုန်းတော်ကြီး ကျောင်းများ၌ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်ခြင်းများ ဆောင်ရွက် လျက်ရှိပြီး  ဖွင့်လှစ်ခွင့်ပြုထားသည့် ဘုရား၊ စေတီ၊ပုထိုးအချို့တွင်လည်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ   လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရသည်။

 

6+

ယနေ့နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်၊ လက်လုပ်တောင် ရွှေနန်းသွင်း စေတီတော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့   ဖောင်တော်ချက်မ စေတီတော်၊ ပျဉ်းမနား ဘုရားကိုးဆူစေတီတော်၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော် အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများ လာရောက်ပြီး    ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဉပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝ နာပွားများခြင်းတို့ဖြင့် ကုသိုလ်ယူကြသည်။

6++

 

ဝါဆိုလပြည့်နေ့နှင့် အများပြည်သူရုံးပိတ်ရက်များ တဆက်တစပ်တည်း လေးရက်တာ နားရက်ရရှိသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများသို့ လှည့်လည် ဖူးမြော်ကြည်ညိုလျက်ရှိရာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တလျှောက်တွင်လည်း  ခရီးသွားကားများဖြင့် စည်ကားများပြားလျက်ရှိသည်။

 

5+

 

အလားတူ ယနေ့တွင် ရန်ကုန်၊ မန္တလေးမြို့တို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ အများပြည်သူတို့သည်   ရပ်ကွက်၊ လမ်းများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊    ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူ ပူဇော်ခြင်း၊  အလှူဒါနပြုခြင်း၊ မိမိတို့၏ ရပ်ရွာဘုန်းတော်ကြီးကျောင်းများ၌ တရားဘာဝနာပွားများ ကျင့်ကြံ အားထုတ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြပြီး ပန်းခြံများ၊ ဉယျာဉ်များသို့လည်း  သွားရောက်အပန်းဖြေအနားယူ ကြကြောင်း သိရှိရသည်။

သတင်းစဉ်