ဥု(ပ်)ပူး ချင်းတိုင်းရင်းသားစာပေ မွမ်းမံသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာစကားပြောသင်တန်းဖွင့်လှစ်

စေတုတ္တရာ ၂၄  ဧပြီ

 

မင်းဘူးခရိုင် စေတုတ္တရာမြို့တွင် ဥု(ပ်) ပူးချင်းစာပေအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ဥု(ပ်)ပူးချင်းတိုင်းရင်းသား စာပေမွမ်းမံသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာစကားပြောသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က စေတုတ္တရာမြို့ရှိ အမှတ်(၁) အလက(ခွဲ) ကျောင်းတွင် ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသာကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားဝန်ကြီး ဦးလှထွန်း က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်မှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန စာပေနှင့် ယဉ်ကျေးမှုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်မှ ချင်းတိုင်းရင်းသားစာပေ နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဥု(ပ်)ပူး ချင်းတိုင်းရင်းသားစာပေသင်ကြားရေးဆရာ ဦးလှမောင်မှ  ဥု(ပ်)ပူး ချင်းတိုင်းရင်းသားစာပေ မွမ်းမံသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ စကားပြောသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

သင်တန်းကာလမှာ ဧပြီ ၂၄ ရက်မှ မေလ ၆ ရက်အထိ (၁၂) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ဥု(ပ်) ချင်းတိုင်းရင်းသားစာပေ မွမ်းမံသင်တန်းသို့ သင်တန်းသား(၁၀ဝ) ကျော်နှင့် အခြေခံအင်္ဂလိပ်စာ စကားပြော သင်တန်းသို့ သင်တန်းသား (၁၀ဝ) ကျော် တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)