ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံငွေပေးအပ်

ဥတ္တရသီရိ   ၂၈   ဇူလိုင်

           

ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)  ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထေွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

           

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

           

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ မြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စုပေါင်း (၁၃၉၂၀)အတွက် နိုင်ငံတော်မှထောက်ပံငွေ စုစုပေါင်းကျပ် (၂၇၈၄၀၀၀၀၀)ကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

           

ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၈)အုပ်စုရှိပြီး နိုင်ငံတော်မှ ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ခဲ့ရာ အိမ်ထောင်စုပေါင်း (၉၁၈၆)စု၊ ဒုတိယအကြိမ်အဖြစ် ငွေကျပ်(၁၅၀၀၀)စီ ထောက်ပံ့ခဲ့ရာ အိမ်ထောင်စု (၄၇၃၄)စု ရရှိခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

တင်ဆန်းဦး