ဥတ္တရသီရိမြို့နယ်တွင်  Faw ကားတစ်စီး တံတားအောက်သို့ပြုတ်ကျတိမ်းမှောက်

နေပြည်တော်    ၁၃    မေ 


နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တော်-ကံပြား-မကွေးလမ်း မိုင်တိုင်အမှတ် (၉)တွင်  မေလ ၁၂ ရက် ညနေ ၆ နာရီခွဲအချိန်က ရိစာများတင်ဆောင်လာသော  Faw ကားယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်ခဲ့သည်။


နေပြည်တော်မှ မကွေးဘက်သို့ ရိစာများ တင်ဆောင်ပြီး ယာဉ်မောင်း ဦးနိုင်မင်းထွန်း မောင်းနှင်လာသည့် Faw ကားသည် ငလိုက်ချောင်းကူး တံတားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းကိုတိုက်ကာ ငလိုက်ချောင်းအတွင်းသို့ ထိုးကျသွားခဲ့ပြီး ယာဉ်မထိုးကျမီ ယာဉ်မောင်းမှာ ယာဉ်ပေါ်မှခုန်ထွက်ခဲ့သည့်အတွက် အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် ငလိုက်ချောင်းကူးတံတား လက်ရမ်းအနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


အောင်ကို(ပြန်/ဆက်)