ဥတ္တရသီရိမြို့နယ်အတွင်းရှိ Quarantine Centre သို့ နေပြည်တော်ကောင်စီဝင် ကြည့်ရှုစစ်ဆေး

နေပြည်တော်   ၈  မေ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး လုပ်ငန်းများအရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းသည် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးစောသန်းထွန်းတို့နှင့်အတူ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre ရှိ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား  ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဥတ္တရသီရိမြို့နယ် အမှတ် ၁၂ အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်တွင်းမှ မိမိမြို့နယ်  အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား Quartine ထားရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ကျား(၁၃)ဦး၊ မ (၁၆)ဦး စုစုပေါင်း (၂၉)ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ပြည်ထောင်စု နယ်မြေ နေပြည်တော်အနေဖြင့် နေပြည်တော်ပြင်ပဒေသမှ ဝင်ရောက်လာသူများအား စစ်ဆေးရေးဂိတ် (၆)ခုနှင့် ဘူတာ(၄)နေရာတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်ပါက  Community Based Facility Quarantine Site များတွင် ထားရှိစောင့်ကြပ်ကြည့်ရှုလျက်ရှိရာ မေလ(၇)ရက်နေ့အထိ ဒက္ခိဏသီရိမြို့နယ် နယူးဧရာဟော်တယ်တွင် (၃)ဦး၊ စည်ပင်ဧည့်ရိပ်သာတွင် (၈၁၃)ဦး၊ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)တွင် (၂၉၇)ဦးနှင့် မြို့နယ် (၈)မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၄၀၂)ဦး စုစုပေါင်း (၁၅၁၅)ဦး ရှိပြီးဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

အောင်ကို(ပြန်/ဆက်)