ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး

နေပြည်တော် ၁၉ စက်တင်ဘာ


နေပြည်တော် ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်း သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာကြည့်တိုက်ဖွဲ့စည်းရေးနှင့် စီမံခန့်ခွဲရေး ဘာသာရပ်အား ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုးက သင်ကြားပို့ချပေးလျက်ရှိသည်။


ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်ရုံးများရှိ  ဝန်ထမ်းများ မိမိတို့ရုံး စာကြည့်တိုက်များတွင် စာအုပ်၊စာစောင်များ စနစ်တကျထားရှိတက်စေရန်နှင့် စာကြည့်တိုက် အခြေခံပညာရပ်များ နားလည်သဘောပေါက်စေရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား စာကြည့်တိုက်ဖွဲ့စည်းရေးနှင့်စီမံခန့်ခွဲရေး၊ မျိုးတူစုလုပ်ငန်း၊ ရည်ညွှန်းလုပ်ငန်း၊ စာပေပစ္စည်း ပြုပြင်ထိန်းသိမ်းနည်းနှင့် ကတ်တစ်လောက်လုပ်ငန်း စသည့်ဘာသာရပ်များအား ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ နှင့် မြို့နယ်ဦးစီးမှူးများက စက်တင်ဘာလ (၂၇)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


ဥတ္တရခရိုင်ပြန်/ဆက်

 

mdn