ဥရောပတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လီဝန်ဒေါစကီး ဆွတ်ခူး

၂  အောက်တိုဘာ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ၂၀၁၉-၂၀၂၀ ရာသီရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ အသက် (၃၂)နှစ်အရွယ် ပိုလန်တိုက်စစ်မှူး အနေနဲ့  ဘိုင်ယန်အသင်းဖော် နျူအာနဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ နှစ်ဦးကို ကျော်လွန်ပြီး ဥရောပတစ်နှစ်တာဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။

 

ဘိုင်ယန်အသင်းနည်းပြ ဖလစ်ကလည်း  အသင်းအတွက် ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့်   တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီ ဘိုင်ယန်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ဂျာမန်ဖလားနဲ့ ဘွန်ဒက်စ်လီဂါဖလားတွေ ရရှိခဲ့ရာမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပြီး  ၄၇ ပွဲမှာ ၅၅ ဂိုးအထိ သွင်းယူခဲ့ပါတယ်။  ဒီဂိုးသွင်းနှုန်းက  ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း   ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ကစားနေတဲ့ ဘယ်ကစားသမားထက်မဆို သွင်းဂိုး ၁၆ ဂိုး ပိုမိုသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘိုင်ယန်ဂိုးသမား နျူအာ၊  မန်စီးတီးနောက်ခံလူ ကင်းမ်နစ်ချ်၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနဲ့  ဘိုင်ယန်တိုက်စစ်မှူး  လီဝန်ဒေါစကီးတို့ဟာ နေရာအလိုက်အကောင်းဆုံး ကစားသမားတွေအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးကွင်းလယ်လူဒီဘရိုင်းဟာ ဘိုင်ယန်ကစားသမားတွေ လွှမ်းမိုးထားတဲ့ နေရာလိုက်အကောင်းဆုံးကစားသမားဆုမှာ ဘိုင်ယန်ကစားသမားမဟုတ်ဘဲ ရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့တာပါ။

မေလဲ့သင်း