UNICEF (မြန်မာ)မှ ရွှေကူမြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ တိုင်းရင်းသားလူမျိုး(၂၅)မျိုးတို့၏ ပုံပြင်စာအုပ်များ လာရောက်လှူဒါန်း

ရွှေကူ  ၃၀   အောက်တိုဘာ

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးများ အတွက်မြန်မာစာပေနှင့် တိုင်းရင်းသား လူမျိုးများ၏ ချစ်စရာရိုးရာယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များကို လေ့လာနိုင်ရန်ရည်ရွယ်၍ UNICEF (မြန်မာ)မှတိုင်းရင်းသားဘာသာပုံပြင်စာအုပ်များကို ယနေ့နံနက် ၈နာရီက လာရောက်လှူဒါန်းခဲ့သည်။

 

လှူဒါန်းစာအုပ်များတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ညီနောင်သွေးချင်းများဖြစ်သည့် ပေါင်းညွမ်နာဂ၊ ကနီဆေခူမီး၊ အဆန်(ခေါင်စို)၊ လီခခ်၊ တောင်ရိုး၊ ပိုးကရင်၊ ဘွဲကရင်၊ ခမီ၊ အင်းသား၊ မြို၊ တိုင်းလုံတို့ အပါအဝင် တိုင်းရင်းသားလူမျိုး(၂၅)မျိုးတို့၏စာပေနှင့် ရိုးရာပုံပြင်များကိုလူမျိုး တစ်မျိုးလျှင် (၁၀)အုပ်နှုန်းဖြင့် စုစုပေါင်းအုပ်ရေ (၂၅၀) လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

သန်းနိုင်စိုး