တူရကီတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃၈၆၅၇ ဦး၊ သေဆုံးသူ ၃၇၈၆ ဦး ရှိလာ

၁၁ မေ

 

တူရကီနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၅၄၂ ဦးရှိပြီး ယင်းကူးစက်ခံရမှုကြောင့် ၄၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖာရှ်ရတ်တင် ကိုကာက ယမန်နေ့က ပြောကြားသည်။

 

တူရကီတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၃၈၆၅၇ ဦး ရှိပြီး သေဆုံးသူပေါင်း ၃၇၈၆ ဦး အထိ ရှိလာသည်ဟု အတည်ပြုကာ ထိုကျန်းမာရေးဝန်ကြီး က တွစ်တာတွင် ရေးသားထားသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း  ၃၆၁၈၇ ဦးကို ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ယင်းသို့ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း ၁၃၇၀၅၉၈ ဦး ရှိပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထပ်မံ ပြန်လည်ကောင်းမွန်လာသူ ၃၂၁၁ ဦးရှိရာ ထပ်မံပြန်လည်ကောင်းမွန်လာသူ ၉၂၆၉၁ ဦး ရှိလာပြီး အထူးကြပ်မတ်ကုသဆောင်တွင် ၁၁၅၄ ဦး ကုသမှုခံယူနေသည်ဟု ၎င်းက ဆိုသည်။

 

တူရကီနိုင်ငံတွင် မတ်လ ၁၁ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို