တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၀၈၃ ဦးရှိ၊ စုစုပေါင်း ကူးစက်ခံရသူ ၉၈၆၇၄ ဦး ရှိလာ

၂၃ ဧပြီ

 

တူရကီ ကျန်းမာရေးဝန်ကြီး ဖာရီတင် ကိုကာ က ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၀၈၃ ဦး ရှိပြီး သေဆုံးသူ ၁၁၇ ဦး ရှိကြောင်း ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။

 

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၉၈၆၇၄ ဦး အထိရှိလာပြီး သေဆုံးသူအရေအတွက်မှာ ၂၃၇၆ ဦးအထိ မြင့်တက်လာသည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတည်ပြု ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကြောင့် ပြန်လည်ကောင်းမွန်လာသူ ၁၆၄၇၇ ဦး ရှိပြီး ၁၈၁၄ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု  ကျန်းမာရေးဝန်ကြီးက ဆိုသည်။

 

သေဆုံးမှုနှုန်းတည်ငြိမ်လာပြီး အဆုတ်ရောင်ရောဂါဖြစ်ပွားမှုနှုန်းမှာလည်း တစ်နေ့တခြား ကျဆင်းလာကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို