တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၃၅၇ ဦး ရှိ၊ စုစုပေါင်း ကူးစက်ခံရသူအရေအတွက် ၁၁၀၁၃၀ ဦးရှိလာ

၂၇ ဧပြီ

 

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၃၅၇ ဦး ရှိပြီး စုစုပေါင်း ကူးစက်ခံရသူအရေအတွက် ၁၁၀၁၃၀ ဦးရှိလာကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးက ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉၉ ဦးရှိပြီး သေဆုံးသူအရေအတွက် ၂၈၀၅ ဦးအထိ ရှိလာကြောင်း Fahrettin Koca က တွစ်တာတွင် ရေးသားထားသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ စမ်းသပ်မှုပေါင်း ၃၀၁၇၇ ဦးရှိပြီး စုစုပေါင်း စမ်းသပ်မှု ၈၈၉၇၄၂ ဦး လုပ်ဆောင်ပြီး ဖြစ်ကြောင်း ထိုဝန်ကြီးက ပြောကြားခဲ့သည်။

 

ပြန်လည်ကောင်းမွန်လာသူ ၂၉၁၄၀ ဦးရှိပြီး ၁၇၇၆ ဦးမှာ အထူးကြပ်မတ်ကုသဆောင်များတွင် ကုသမှုခံယူနေသည်ဟု ၎င်းက ဆိုသည်။

 

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုသည် မတ်လ ၁၁ ရက်နေ့တွင် ပထမဆုံးဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို