တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဟန့်တားရန် လေးရက်ကြာ အဝင်အထွက် ပိတ်ထားကြောင်း ကြေညာချက်ထုတ်

၂၁ ဧပြီ

တူရကီတသမ္မတ အာဒိုဂန်သည် တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဟန့်တားရန် ဧပြီ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ လေးရက်ကြာ အဝင်အထွက် ပိတ်ထားကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ အဝင်အထွက် ပိတ်ဆို့မှုသည်  ဧပြီ ၂၃ ရက်နေ့ သန်းခေါင်ယံချိန်မှစတင်ပြီး ၂၆ ရက်နေ့ သန်းခေါင်ယံချိန် အထိ ကြာမြင့်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

တူရကီနိုင်ငံတွင် ဧပြီလ ၂၃ ရက်နေ့သည် အစိုးရ ရုံးပိတ်ရက်ဖြစ်သည်။

 

တူရကီနိုင်ငံ၏ ပထမဆုံး အဝင်အထွက် ပိတ်ဆို့မှုကို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး ဒုတိယမြောက်ပိတ်ဆို့မှုကို ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်ခဲ့သည်။

 

တူရကီနိုင်ငံတွင် ယခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၉၀၉၈၀ ဦး ရှိပြီး သေဆုံးသူပေါင်း ၂၁၄၀ ဦး ရှိသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို