တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၁၁၃ သန်းကျော် အသုံးပြုပြီးဖြစ်

အစ္စတန်ဘူလ် အောက်တိုဘာ ၁၂

 

တူရကီနိုင်ငံ၌ ယနေ့အထိ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်တွင် ကာကွယ်ဆေး အလုံးရေ ၁၁၂ သန်းကျော် အသုံးပြုခဲ့ပြီးဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

တူရကီနိုင်ငံ၌ လူဦးရေစုစုပေါင်း ၈၃ သန်းရှိသည့်အနက် လူဦးရေ ၄၆ ဒသမ ၃ သန်းကျော် သို့မဟုတ် နိုင်ငံလူဦးရေ၏ ၅၅ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည်။ ဆောင်းရာသီကာလမတိုင်မီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူရန် ပြည်သူများအား ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

 

ထို့ပြင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မှ ဒေသအာဏာပိုင်များက ရွေ့လျား ကာကွယ်ဆေး ထိုးနှံရေးစင်တာများ၌ ကာကွယ်ဆေး ထိုးနှံမှုခံယူရန် တိုက်တွန်းထားပြီး လက်ရှိတွင် အသက် ၁၈ နှစ်အထက် အသက်အရွယ်ရှိသူ အားလုံး၏ ၇၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူထားပြီး ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်