တူရကီနိုင်ငံ၌ အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ၂၄ ဦးထက်မနည်း သေဆုံးပြီး ၈၀၀ ကျော် ဒဏ်ရာရ

၃၁ အောက်တိုဘာ

 

ယမန်နေ့က တူရကီနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းအလွန်၌ ပြင်းအား ရစ် (ချ်)တာစကေး ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောသည်။

 

ဂရိနိုင်ငံပိုင် ဆာမို့စ်ကျွန်း၌ နံရံတစ်ခုပြိုကျခဲ့ရာ ပိတ်မိနေသူ ဆယ်ကျော်သက်လူငယ်နှစ်ဦး သေဆုံးခဲ့ သည်။

 

အေဂျီယန်ပင်လယ်အတွင်း အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့ရာ ဆူနာမီလှိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ရာ ကမ်းရိုးတန်းတစ်လျှာက်ရှိ လူနေဒေသအချို့ ပင်လယ်ရေအောက် နစ်မြုပ်သွားခဲ့သည်။

 

တူရကီနိုင်ငံ ကမ်းရိုးတန်းပြည်နယ် အက်ဇ်မာရှိ ပြိုကျအဆောက်အအုံ ၁၇ ခု၏ အပျက်အစီးများအောက်၌ ပိတ်မိနေသူအချို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

 

မြေငလျင်မှာ ဆာမို့စ်ကျွန်းအနီး အနက် ၂၀ ကီလိုမီတာကို ဗဟိုပြု၍ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၁ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆန်းစစ်တိုင်းတာရေးအဖွဲ့က ပြောသည်။

 

ငလျင်လှုပ်ခတ်မှုကြောင့် အီစတန်ဘူလ်မြို့တော်၌ ရိုက်ခတ်မှုရှိခဲ့သည်။ တူရကီနိုင်ငံက ငလျင်ကြောပေါ်၌ တည်ရှိသောကြောင့် ငလျင်မကြာခဏ လှုပ်ခတ်လေ့ရှိသည်။၁၉၉၉ ခုနှစ်က တူရကီနိုင်ငံ၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၇၀၀၀ ကျော် သေဆုံးခဲ့သလို ၂၀၁၁ ခုနှစ်တွင် နောက်ထပ် ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူပေါင်း ၆၀၀ ခန့် သေဆုံးခဲ့သည်။

 

ကိုးကား-Kyodo News