တူရကီနိုင်ငံ အရှေ့ပိုင်းတွင် တောင်ပေါ်မှနှင်းထုများ ပြိုကျမှုဖြစ်ပွား ၃၈ ဦးသေဆုံး

၆ ဖေဖော်ဝါရီ

တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်တွင် တောင်ပေါ်မှနှင်းထုများ နှစ်ကြိမ်ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်သားများ အပါအဝင် ၃၈ ဦး ထက်မနည်း သေဆုံးခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ပထမအကြိမ် နှင်းထုပြိုကျခဲ့ရာတွင် လူ ၁၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ငါးဦးသေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

t2

 

ယမန်နေ့က ဒုတိယအကြိမ် နှင်းထုပြိုကျခဲ့ရာတွင် နှင်းထုပိမိပြီး ကယ်ဆယ်ရေးလုပ်သား အများအပြား သေဆုံးခဲ့သည်။

ထိုနှင်းထုပြိုကျရာနေရာသို့ ပြည်ထဲရေးဝန်ကြီး  ဆူလ်မန်ဆိုလ် သွားရောက်ကြည့်ရှုခဲ့ပြီး ဒုတိယအကြိမ် နှင်းထုပြိုကျမှုတွင် ကယ်ဆယ်ရေးလုပ်သား ၃၃ ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

ရာသီဉတု ဆိုးရွားမှုကြောင့် ယမန်နေ့ညက ယင်းကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုကို ဆိုင်းငံ့ထားခဲ့သည်။

 

t3

 

ပြီးခဲ့သည့် ဇန်နဝါရီလက တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပြင်းထန်သော ငလျင်ပြင်းထန်စွာ လှုပ်ခတ်မှုဖြစ်ပွားသဖြင့် ပြိုကျအဆောက်အဦများအောက်တွင် ပိမိနေသော လူ ၄၅ ဦးကို ပထမဦးဆုံး ကယ်ဆယ်ရေးသမားများက ကယ်ဆယ်ခဲ့ကြသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို