တူမီးသေနတ်/သံတုတ်ဖြင့် ပစ်ခတ်၊ ရိုက်နှက်ခဲ့သူများအား အရေးယူထား

မွန်ပြည်နယ်၊ ရေးမြို့နယ် ရန်မျိုးအောင်ရပ်ကွက်နေ ဦးနိုင်စိုး(၄၄)နှစ်သည် ဒီဇင်ဘ ၁၄ နံနက် ၉ နာရီခွဲက ဟံဂံကျေးရွာရှိ ယောက်ဖဖြစ်သူ ဦးအောင်မြင့်အား ဆေးကုပေးကာ တိုင်းရင်းဆေးဆရာ ဦးဇေယျာကျော်ရှိန်နှင့်အတူ ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် ဇနီး ဒေါ်ခင်စန်းရီ၏ တူဖြစ်သူ ဖလန်းချောင်းကျေးရွာနေ မောင်ဖြူ၏ ခြံရှေ့အရောက် မောင်ဖြူပါ (၃)ဦးမှ ဆိုင်ကယ်အားတားခဲ့ပြီး အမွေကိစ္စနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ပြောဆိုကာ တူမီးသေနတ်/သံတုတ်ဖြင့် ပစ်ခတ်/ရိုက်နှက်ခဲ့သောကြောင့် ဦးနိုင်စိုးတွင် ဝဲပေါင်ကျည်ဖောက်ဝင်၊ ဦးခေါင်း/ဝဲလက်ဖျံ ဖူးရောင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ မောင်ဖြူပါ(၃)ဦးအား ရေးမြို့မရဲစခန်း (ပ)၆၂၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)