တရုတ်ရဲ့ ဒူးရင်းသီးဝယ်လိုအားကြောင့် မလေးရှားရဲ့ မိုးသစ်တောကို ခြိမ်းခြောက်နေ

၇ ဖေဖော်ဝါရီ

 

မလေးရှားနိုင်ငံကနေ တရုတ်ရဲ့ ဒူးရင်းသီးဝယ်လိုအားကြောင့် သစ်တောပြုန်းတီးမှုကို ဖြစ်စေနိုင်ကြောင်း မလေးရှားသဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး သမားတွေက သတိပေးလိုက်ပါတယ်။ 

 

ာ

 

ဒူးရင်းဝယ်လိုအားမြင့်မားလာတဲ့အတွက် ဒူးရင်းစိုက်ခင်းတွေ ပိုမိုစိုက်ပျိုးလာတာကိုတွေ့တယ်။ အရင်က  မလေးရှားမှာ ဒူးရင်းသီးကို အနည်းအကျဉ်း စိုက်ပျိုးရာကနေ အခုတော့စက်ရုံကနေ ထုတ်လုပ်သလိုမျိုး စိုက်ပျိုးလာတာကို တွေ့ရပါတယ်။ 

 

မိုးသစ်တောတွေဟာ သစ်ထုတ်လုပ်ရေးနှင့် ဆီအုန်းစိုက်ပျိုးတဲ့သူတွေကြောင့် ခြိမ်းခြောက်ခံနေခဲ့ရာ အခုတော့ ဒူးရင်းစိုက်ခင်းတွေကပါ မိုးသစ်တောတွေကို ခြိမ်းခြောက်လာတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။ 

 

ာ

 

မလေးရှားအလယ်ပိုင်းက ရော့ ဒေသရှိ မိုးသစ်တောကို လတ်တလောခုတ်ထွင်ပြီး ဒူးရင်းသစ်စိုက်နေတာကို တွေရပါတယ်။ အဲဒီစိုက်ခင်းဟာ တားမြစ်သစ်တော အနီးမှာရှိပြီး တားမြစ်သစ်တောတွင်းမှာ မျောက်တွေနဲ့ ရွေ့ပြောင်းငှက်တွေ့ ကျက်စားရာနေရာဖြစ်ပါတယ်။ အဲဒီသစ်တောတစ်ဝိုက်ရှိ သစ်ထုတ်လုပ်ရေးကနေ မြစ်ကလည်း ရွံ့ရေဖြစ်ပြီး သစ်ကိုင်းတွေ ပိတ်နေတာကိုလည်း တွေ့နေရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး PEKA အဖွဲ့က ဆိုဖီတန် က ပြောပါတယ်။ 

 

ထိုင်းဒူးရင်းက အနံ့ပြင်းပြီး ချိုတယ် အဲဒီအတွက် တအားစားလိုက်ရင် လူက နေမကောင်းသလိုဖြစ်လာတယ်။ မလေးရှားဒူးရင်းကတော့ အဲဒီလို မဟုတ်ဘူးလို့ ဒူးရင်းသီးကြိုက်သူ လီဇန်လင်းက ပြောပါတယ်။ 

 

ာ

 

၂၀၁၈ ခုနှစ်က မလေးရှားကနေ တရုတ်ကို ဒူရင်းသီး တင်ပို့ရာကနေ အမေရိကန်ဒေါ်လာ ၁.၈ သန်း ဝင်ငွေရှိတဲ့ အတွက် ၂၀၁၇ ခုနှစ်ထက် နှစ်ဆ ဝင်ငွေရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့သတင်းအရ သိရပါတယ်။ 

 

MDN
ကိုးကား - AFP