တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၃)သန်းdoses အနက် ဒုတိယအသုတ်(၁)သန်းdoses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ ၂၀

 

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်များအလိုက် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ထိုး နှံပေးရန်အတွက် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး()သန်း doses ထပ်မံ၍ လှူဒါန်းပေးအပ်ခဲ့ရာ  ၎င်းနေ့တွင်ပင် ပထမအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ()သန်း doses ရောက်ရှိပြီးဖြစ်သည်။

 

ဆက်လက်၍ ဒုတိယအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး()သန်း dosesနှင့် ဆေးထိုးအပ်(.)သန်း သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ညနေ နာရီတွင် ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့သည်။ ယခုထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများကို အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် အခြားသတ်မှတ်လူအုပ်စုများကို ထိုးနှံပေးသွားမည်ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်အထိ လူဦးရေစုစုပေါင်း(၁၅.)သန်းအားထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၁၀.)သန်းနှင့်  ပထမအကြိမ်ထိုးနှံပြီးစီးသူ(.)သန်း ရှိပြီဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၉  ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၂၅.) သန်းထိုးနှံပြီးဖြစ်သည်။

 

မိဘပြည်သူများအနေဖြင့် မိမိအတွက်ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် မိမိကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုဝင်များ၊ မိတ်ဆွေများတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရခြင်းမရှိသေးပါက ကာကွယ်ဆေး ထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့် ခံယူမှုပြုကြစေရေး တိုက်တွန်းနှိုးဆော်ပေးကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက  အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။

 

(သတင်းစဉ်)