တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာရဲ့ အင်္ဂလိပ် အပလီကေးရှင်းကို စတင် မိတ်ဆက်

ပေကျင်း ၁၆ အောက်တိုဘာ


၂၀၁၆ ခုနှစ် မှတ်တမ်းအရ ဆိုရင် အဲဒီသတင်းစာရဲ့ နေ့စဉ်ရောင်းရ စောင်ရေဟာ ၃ ဒသမ ၁၈ သန်း ရှိပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်က တရုတ်ဘာသာနဲ့ အပလီကေးရှင်းကိုလည်း ထုတ်ထားတာကြောင့် ဒေါင်းလုတ် ဆွဲတဲ့ အကြိမ် အရေအတွက် သန်း ၂၀ဝ အထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အဲဒီအချိန်က  အင်္ဂလိပ်ဘာသာနဲ့ အပလီကေးရှင်းဟာ မိုဘိုင်း ဖုန်းတွေအတွက် မရရှိသေးပါဘူး။


ကမ္ဘာ့ရေးရာတွေမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုး အရေးပါမှုကို ပုံဖော်ဖို့ စိတ်အားထက်သန်တဲ့ သမ္မတ ရှီကျင့်ဖျင်ကို ဒုတိယအကြိမ် တာဝန် ထမ်းဆောင်စေဖို့ ရည်ရွယ်ပြီးတော့လည်း ဒီအပလီကေးရှင်းကို ထည့်သွင်းစေခဲ့တာလို့ သိရပါတယ်။ အင်္ဂလိပ် အပလီကေးရှင်း သုံးစွဲမှု တိုးတက်အောင် လုပ်တာဟာ  မဟာဗျူဟာမြောက် အပြောင်းအလဲဆီသို့ ဦးတည်ပါတယ်လို့ ပြည်သူ့နေ့စဉ် သတင်းစာအုပ်စု ဥက္ကဋ္ဌ ရန်ကျန်းဝုက ပေကျင်းက ရုံးခွဲတစ်ခုမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။


(ပီတီအိုင်)
ဘာသာပြန်-မသက်မွန်(MDN)