တရုတ်ပြည်သွားမှတ်တမ်း (၁၇၅ဝ-၁၇၅၂)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတသေနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် အကြိုသမိုင်းမှအစပြု၍ ၁၉၈၈ ခုနှစ် ကာလအထိ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းကို ရေးသားပြုစုလျက်ရှိရာ ယခုအခါ မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာသော်ကောင်း နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီယဉ်တို့ တည်းဖြတ်သော “တရုတ်ပြည်သွား မှတ်တမ်း (၁၇၅၀-၁၇၅၂)” စာအုပ်ထွက်ရှိလာသည်။

 

ယင်းစာအုပ်တွင် မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပျူခတေ်ကတည်းက သံတမန်များကို အပြန်အလှန်စလွှေတ်ခဲ့ကြပြီး ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြသည်။ မြန်မာ တရုတ် ဆက်ဆံရေးမှတ်တမ်းနှင့် ပတ်သက်၍ ယခုအထိ တွေ့ရှိရသော အထောက်အထားမှာ ပုဂံခတေ် ရှင်ဒိသာပါမောက်ကျောက်စာနှင့် “ဟံသာဝတီရောက် မင်းတရားလက်ထက် မြန်မာသံအဖွဲ့ တရုတ်ပြည်သွား မှတ်တမ်း” ပေကျမ်းတို့သာဖြစ်သည်။ ရှင်ဒိသာပါမောက်ကျောက်စာမှာ ပုံနှိပ်စာအဖြစ် တွေ့ရှိရသော်လည်း မြန်မာသံအဖွဲ့မှ မှတ်တမ်းမှာမူ တစ်ကြိမ်တစ်ခါမျှပုံမနှိပ်ရသေးသည့်အတွက် ပထမဆုံးထုတဝေလိုက်ခြင်းဖြစ်ပြီး ညောင်ရမ်းခေတ် နောက်ဆုံးမင်းဆက်ဖြစ်သော မဟာဓမ္မရာဇာ ဓိပတိလက်ထက်မြန်မာ-တရုတ်ဆက်ဆံရေးကို ပေမူမှ လေ့လာဖတ်ရှုနိုင်ပါသည်။

ကြေးမုံ စာအုပ်စင်

3