တရုတ်နှင့်တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ ဆိုးလ်မြို့တွင်ဆွေးနွေးမှုပြုလုပ်

၂၆ နိုဝင်ဘာ

 

တရုတ်နှင့်တောင်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့် ယင်းရောဂါကူးစက်မှု၏ စီးပွားရေးအကျိုးသက်ရောက်မှုများနှင့်ပတ်သက်ပြီး  နှစ်နိုင်ငံတိုက်ဖျက်ရန်  ကြာသပတေးနေ့က ဆိုးလ်မြို့တွင် ဆွေးနွေးမှုပြုလုပ်ကြသည်။

 

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တိုကျိုမြို့တွင် ယခုသီတင်းပတ်အစောပိုင်းက သံတမန်ရေးရာတာဝန်ကို ဆက်လက်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကြောင်ဝှာနှင့် ရောဂါကူးစက်ပျံ့နှံ့မှုအကြောင်း ဆွေးနွေးခဲ့ကြသည်။

 

 

ဝမ်ရိက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် တရုတ်နိုင်ငံ အခက်အခဲဖြစ်နေသည့်အခြေအနေတွင် တောင်ကိုရီးယားနိုင်ငံ၏ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

 

နှစ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု ကိုင်တွယ်ရုံသာမက  စီးပွားရေးပြန်လည်ဖြစ်ထွန်းလာရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတည်တံ့စေရန် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်မည်ဟု ၎င်းတို့အနေဖြင့် မျှော်လင့်ကြောင်း ကန်က ပြောကြားသည်။

 

 

ဝမ်သည် သမ္မတ မွန်ဂျေအင်းနှင့် ကြာသပတေးနေ့နှောင်းပိုင်းတွင် တွေ့ဆုံမည် ဖြစ်သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို