တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှုပြုလုပ်

ဝါရှင်တန်   ၂၆  ဩဂုတ်

နှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံမှုများကြောင့် တင်းမာမှုများ ဖြစ်နေလင့်ကစား တရုတ်နှင့်အမေရိကန် ထိပ်တန်းညှိနှိုင်းဆွေးနွေးသူများသည် ဩဂုတ် ၂၅ ရက်က ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ပြီး ၎င်းတို့၏ အဆင့်တစ် သဘောတူညီချက်ကို ရှေ့ဆက်ရန် သဘောတူခဲ့ကြသည်။

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်-အမေရိကန်ဘက်စုံစီးပွားရေးညှိနှိုင်း ဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံခေါင်းဆောင် ဗျူဟဲနှင့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန်နျူချင်တို့က ဖုန်းဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် အဆင့်တစ် ကုန်သွယ်ရေး သဘောတူညီချက်ကို ဇန်နဝါရီလက လက်မှတ် ရေးထိုးခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံတာဝန်ရှိသူများသည် ကုန်သွယ်ရေးသဘောတူညီမှု အကောင်အထည်ဖော်ရေး ဆက်လက်တွန်းအားပေးရန် အခြေအနေနှင့် ပတ်ဝန်းကျင်ဖန်တီးပေးရန် သဘောတူခဲ့ကြောင်း သိရသည်။

ဆင်ဟွာ၊ အေအက်ဖ်ပီ