တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ ရေငုပ်သင်္ဘော ပင်လယ်ပြင် စမ်းသပ်မှုများအောင်မြင်

ပေကျင်း ၂၆ မတ်

 

တရုတ်နိုင်ငံထုတ် ဟိုင်လုံ - ၃ ဟု အမည်ပေးထားတဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောဟာ ပစိဖိတ်ပင်လယ် အနောက်ပိုင်းမှာ ပထမဆုံး ရေအောက်စမ်းသပ်မှုများ ဆောင်ရွက်နေရာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါတယ်။

 

 

 

အဆိုပါ မောင်းသူမဲ့ ရေငုပ်သင်္ဘောဟာ တရုတ် သုတေသနသင်္ဘောဒိုင်ယန်ယီဟောင်ပေါ်မှတစ်ဆင့် ရေအောက် ၁၆၉၀ မီတာအနက်ထိ ဆင်းသက်ကာ ကျောက်တုံးများကို နမူနာယူနိုင်ရန် ကျောက်ဖြတ်စက်များ တပ်ဆင်ပြီး ရိုးရှင်းစွာ လှုပ်ရှားမှုပြုနိုင်ခြင်း၊ ပင်လယ်ရေအောက် ကြမ်းပြင်ကို ဓာတ်ပုံရိုက်ခြင်း စတဲ့ စွမ်းဆောင်ရည်တွေကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း လေ့လာရေးမှာ ဦးဆောင်သူ ချူဖန်ယောင်က ပြောပါတယ်။

 

 

ဟိုင်လုံ-၃ ရေငုပ်သင်္ဘောဟာ ရေအောက် အနက် ၆၀ဝဝ မီတာထိ ဆင်းသက်နိုင်ပြီး စမ်းသပ်မှုမှာတော့ ရေအောက် ၄၀ဝဝ မီတာထိ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ် သုတေသန သင်္ဘော ဒိုင်ယန်ယီဟောင်သည် မောင်းသူမဲ့ ရေငုပ်သင်္ဘော ဟိုင်လုံ-၃နဲ့ ကျင်းလုံတို့ကို သိပ္ပံပညာရှင်များနဲ့အတူ သယ်ဆောင်ပြီး ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ကပဲ ရှန်ဒုန်ပြည်နယ်ကနေ ပင်လယ်ပြင်မှာ ၄၅ ရက်ကြာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

 

MDN

ကိုးကား - ဆင်ဟွာ