တရုတ်နိုင်ငံရဲ့ ပြုပြင်ရေးနှစ် ၄၀ ပြည့်အခမ်းအနားမှာ ဘယ်သူကမှဘာလုပ်၊ ဘာမလုပ်နဲ့လို့ အမိန့်ပေးမရကြောင်း တရုတ်သမ္မတက သတိပေး

တရုတ်ကွန်မြူနစ်ပါတီရဲ့ သမိုင်းဝင်ပြုပြင်ရေး နှစ် ၄၀ ပြည့် အခမ်းအနားမှာ   တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ ဘယ်သူက ဘာလုပ်၊ ဘာမလုပ်နဲ့ဆိုပြီး အမိန့်ပေးလို့ မရကြောင်း ဒီကနေ့(အင်္ဂါနေ့) မှာ သတိပေးပြောကြားလိုက်ပါတယ်။ 

Great Hall of the People ခန်းမမှာ ကျင်းပတဲ့ ပြုပြင်ရေးနှစ် ၄၀ ပြည့်အခမ်းအနားမှာ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ ရှေ့သို့ချီတက်မယ်။ တရုတ်ပြည်ရဲ့ တစ်ပါတီစနစ်အုပ်ချုပ် လမ်းကြောင်းကနေ သွေဖယ်မသွားသလို တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အမိန့်သြဇာကို လက်ခံသွားမှာ မဟုတ်ဘူးလို့ သမ္မတ ရှီက ပြောကြားပါတယ်။ 

တရုတ်နိုင်ငံမှာ မော်စီတုန်းလက်ထက်စပြီး ရှီကျင့်ဖျင်ဟာ အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ အခမ်းအနားမှာ ရှီက ပြုပြင်ရေးကို သေသေချာချာလုပ်ရမယ်။ ဘာတွေပြောင်းသင့်တယ်။ ဘာတွေပြောင်းနိုင်တယ် ဆိုတာကိုပါ။ ဘာတွေက မပြောင်းသင့်ဘူး၊ မပြောင်းနိုင်ဘူးဆိုတာလည်း တိတိကျကျရှိရမယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာလ ၁၈ ရက် ၁၉၇၈ ခုနှစ်က ဆင်းရဲမွဲတေမှုဟာ ၉၇.၅ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၇ ခုနှစ်မှာ ၃.၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တာကို တွေ့ရပါတယ်။ 

MDN
ကိုးကား- AFP