တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၁၃၂၈၇ ဦး ထပ်မံတွေ့ရှိ

ပေကျင်း ဧပြီ ၄

 

တရုတ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၂၈၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ ကူးစက်မှု အရေအတွက်သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစပြီး နေ့စဉ်ကူးစက်မှု အရေအတွက် အများဆုံးဖြစ်ကြောင်း သိရသည်။

 

ရောဂါထပ်မံ ကူးစက်ခံရသူများအနက် အများစုမှာ ကျီလင်းစီရင်စု နှင့် ရှန်ဟိုင်းမြို့တို့မှဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံအတွင်း၌ ဧပြီ ၁ ရက်တွင် နေ့စဉ်ကူးစက်ခံရသူ ၁၅၀၆ ဦးတွေ့ရှိခဲ့ပြီး မတ် ၃၁ ရက်တွင် နေ့စဉ် ကူးစက်ခံရသူအရေအတွက် ၂၁၂၉ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးအာဏာပိုင် များက ပြောကြားသည်။

 

လူဦးရေ ၂၅ သန်း နေထိုင်သည့် ရှန်ဟိုင်းမြို့၌ အစုလိုက် အပြုံလိုက် DNA (သို့) RNA အက်ဆစ် စစ်ဆေးမှုများကို ဧပြီ ၄ ရက်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ရှန်ဟိုင်းကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

 

ရောဂါကူးစက်မှုကွင်းဆက်များကို ဖြတ်တောက်နိုင်ရန်နှင့် ရောဂါကူးစက်မှုကို  အမြန်ဆုံးတားဆီးနိုင်ရန်  ကြိုးပမ်းလျက်ရှိပြီး  DNA အက်ဆစ် စစ်ဆေးမှုများ လုပ်ဆောင်ရာတွင်လည်း  ရောဂါကာကွယ် တားဆီးရေး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှန်ဟိုင်းမြူနီစီပယ် ကျန်းမာရေး ကော်မရှင် စစ်ဆေးရေးမှူး ဝုကျန်ယုက ဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါ   ကာကွယ်တားဆီးရေး စည်းမျဉ်းများကို အတိအကျ လိုက်နာဆောင်ရွက်သွားရန် တရုတ်ဒုတိယဝန်ကြီးချုပ် ဆွန်ချွန်းလန်က ရှန်ဟိုင်းမြို့နေ  ပြည်သူများအား  တိုက်တွန်းပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်