တရုတ်နိုင်ငံမှ လှူဒါန်းသော Modular House များကို အသုံးပြုနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်

နေပြည်တော် ၄ ဧပြီ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသော  တစ်ပတ်အတွင်း အပြီးတပ်ဆင်နိုင်သည့် Modular House အလုံး(၄၀)ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ အရေးပေါ်ခြေအနေများတွင် အသုံးပြုနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ အတွက် Modular House များ တည်ဆောက်ရန် အငြိမ်းစား အင်ဂျင်နီယာချုပ် (ငြိမ်း) ဒေါ်မြင့်မြင့်စိန်မှ Volunteer အဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

MDN

Crd-Ministry of Construction